Struggle for Third Sex

[postlink]http://video.irrawaddy.org/2011/03/struggle-for-third-sex.html[/postlink]http://www.youtube.com/watch?v=v8OjMhszd94endofvid[starttext][endtext]

3 comments:

Anonymous said...

- ဂေး ဖြစ်တာကို ပြောင်းလဲလို့ရတယ်ဆိုတဲ့သူတွေလည်း လောလောဆည် ကိုယ်ဖြစ်နေတဲ့ ကိုယ်ရဲ့ လိင်စိတ်ခံယူမှုကို တရက်လောက် ပျော်တမ်းလေး ပြောင်းကြည့်ပါလား ပြောင်းများပြောင်းသွားလေမလာလို့လေ (ဥပမာ. ကိုယ်က မိန်းမကြိုက်တယ်ဆိုရင် တရက်လောက် ယောက်ျာလေးကြိုက်အောင် ကြိုးစားကြည့် ကြိုက်လို့ရတယ်ဆိုရင် ဂေးတွေလည်း ပြောင်းလို့ရလိမ့်မယ်နော်)
- ဂေး တွေကို နားလည်ပေးစရာမလိုဘူး၊ စာနာပေးစရာလည်းမလိုဘူး။ သနားညှာတာနေစရာလည်းမလိုဘူး လိုတာတခုပဲရှိတယ် အဲဒါ "လေးစားမှု" RESPECT ပဲ...အဲဒါလူ့အခွင့်အရေးရဲ့အဓိက သော့ချက်ပဲ

Mokenlay said...

အမျိုးသားတစ်ယောက်က မိမိကိုယ်မိမိ အမျိုးသမီးလို့ ယူဆနေရင် ဒါစိတ်ရောဂါလို့ မသတ်မှတ်ရင် ဘယ်လိုသတ်မှတ်မလဲ၊ ပြီးတော့ သဘာဝတရားအတိုင်း ဆန့်ကျင်ဘက်လိင်ကို စိတ်မ၀င်စားပဲ လိင်တူကို စိတ်ဝင်စားနေတယ်ဆိုရင် သဘာဝလွန်လို့ မခေါ် ဘယ်လိုခေါ်ရမှာလဲ။

သူတို့ဟာ ရာဂကြောင့်ဖြစ်တဲ့ စိတ်ရောဂါဝေဒနာသည်တွေပါ၊ သူတို့ကို ဂရုဏာထားရမယ် ကူညီလမ်းညွှန်တည့်မတ်ပေးရမယ်။

ဒါပေမဲ့ တတိယလိင်ဆိုပြီး မှတ်ပုံတင်မှာပါအောင်တော့ မြောက်ထိုးပင့်ကော် မလုပ်သင့်ဘူး။ ခြောက်သွားကြတဲ့ လူငယ်လေးတွေကိုလေ့လာရင် အများစုက ဗီဇကတိုက်တွန်းမှုကြောင့် ခြောက်သွားတမျိုးမဟုတ်ပဲ ပတ်ဝန်းကျင်ရဲ့ လှုပ်ဆော်ချက်ကြောင့် လိုင်းဝင်သွားသူတွေများပါတယ်။

ငါ့ဖာသာငါခြောက်တာ ဘာဖြစ်သလဲဆိုရင် ဘာမမဖြစ်ပါဘူး ဒါပေမဲ့ သဘာဝမဆန်တဲ့ လွဲမှားလိင်စိတ်ဟာ လူမှုအသိုင်းအ၀ိုင်းကို လုံးဝ မထိခိုက်စေပါဘူးရယ်လို့တော့ ယတိပြတ်ပြောလို့မရပါဘူး၊ အနည်းဆုံးတော့ အိမ်ထောင်ရေးပဋိပက်ခဆိုတာမျိုးတော့ ကြုံနိုင်ပါတယ်။ ဒီထက်မက သဘာဝကိုဆန့်ကျင်လို့ ရလာတဲ့ ဖိအားကို မခံနိုင်ပဲ လူအသိုင်းအ၀ိုင်းကို အန်တရယ်ပြုတဲ့အထိ ဖြစ်သွားနိုင်တာမျိုးလဲ ရှိနိုင်ပါတယ်။

အဆိုးဆုံးက သာသနာတော်ကြီးကို ပျက်စီးသွားစေနိုင်တာပဲ၊ ထိုင်းမှာရော မြန်မာမှာပါ ဂေး ရဟန်းတွေ အတော်တွေ့လာရတယ်၊ သဘာဝကို ဆန့်ကျင်သူဟာ လွတ်မြောက်ရာလမ်းနဲ့ ဆန့်ကျင်ဘက်ကို လျှောက်သူများဖြစ်လို့ ဗုဒ်ဓအဆုံးအမကို ခံယူနိုင်မှာမဟုတ်ပါဘူး။

Anonymous said...

Mokenlay,

မင်းပြောတာတွေအကုန်လုံးကို လိင်တူချင်းကိုစိတ်ဝင်စားတဲ့ မင်းရဲ့ ကိုယ်ပိုင်ရင်သွေး သားယောက်ျားတစ်ယောက်မွေးလာတဲ့နေ့အထိစောင့်ကြည့်လိုက်ပါလို့ပြောချင်ပါတယ်။ အဲဒီနေ့ကျရင်မင်းအခုလိုစာမျိုးထပ်ရေးနိုင်ဦးမလားဆိုတာ မသေချာဘူးနော်။ ဂေးတွေဟာလည်းလူသားထဲကလူပါ။ အားလုံးကိုအခွင့်အရေးတန်းတူရစေချင်တဲ့စေတနာနဲ့ရေးတာပါ။ အဲဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာအမြင်သေးသိမ်သူတွေကသာ သဘာဝလွန်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

ကျေးဇူးတင်ပါသည်