'Welcome Home' Greeted with Skepticism

[postlink]http://video.irrawaddy.org/2011/08/welcome-home-greeted-with-skepticism.html[/postlink]http://www.youtube.com/watch?v=3RipuNdlouAendofvid[starttext][endtext]

1 comments:

Anonymous said...

ဝေါနဲ့ထမ်းခေါ်မှ တော်လှန်ရေးပြန်လုပ်မယ်

(၈၈၈၈)ရှစ်လေးလုံးမှာ ရက်(၄၀)အာဏာရတာလေးကို အရဿာတွေ့ ထင်တာတွေလုပ်ခဲ့လို့ စစ်တပ်ကအာဏာပြန်သိမ်းလိုက်တဲ့အခါ ဖင်ပိတ်ပြေးကြပါတယ်။ နောက်ကျတဲ့ဖနောင့်သစ္စာဖေါက်ဆိုပြီး ဖနောင့်နဲ့တင်ပါး ဆက်အောင်ပြေးတဲ့လူတွေက အော်တိုမတ်တစ်စုရပ်ရောက်တဲ့အခါ ပိတ်ပြေးလာတဲ့ဖင်တွေကိုဖွင့်ပြီး ဖင်ခေါင်းကျယ်ကြောင်း(ဖင်ပိတ်ပြေးလာတဲ့သူ အချင်းချင်း ကြွားကြတဲ့အခါ) ဖြင်ခေါင်းကျယ်ကြောင်းပြနိုင်တဲ့လူတွေကို ဂေါင်းဆောင်ဆိုပြီးတင်လိုက်ကြတယ်ပေါ့။ နောက် ဖင်ခေါင်းနည်းနည်းကျယ်ပြနိုင်တဲ့လူတွေက ကမ္ဘပတ်ပြီး အန်ဂျီအိုတွေလိုက်ရှာတောင်း ရုံးခန်းတွေဖွင့်ပြီး တော်လှန်ရေးလုပ်နေတာတဲ့ဗျာ၊ (သြော် တော်လှန်ရေးဆိုတာ ရုံးခန်းဖွင့်လုပ်ရတဲ့အလုပ်ကိုး) ကမ္ဘာအဆင့်မြင့်ဆုံးတော်လှန်ရေးကြီးကို မြန်မာနိုင်ငံသားတွေက စခဲ့တာဘဲ ဂရင်းနစ်ဘုတ်အုပ်မှာ မှတ်တမ်းတင်ဖို့ကောင်းပါတယ်။ (လစ်ဗျားမှာတော့ တော်လှန်ရေးက ခဏလေးပါဘဲ ရုံးခန်းဖွင့် တော်လှန်ရေးမလုပ်လိုက်ရလို့နေမှာပါ ရုံးခန်းသာဖွင့် တော်လှန်ကြလိုက်ရင် နှစ်ဆယ်အစိတ်လောက်ရောက်သွားမှာဘဲ လစ်ဗျားသားတွေ ကွန်ပြူတာကြီးတွေနဲ့ တော်လှန်ရေး မလုပ်တတ်လို့နေမှာဘဲ-အ လိုက်ကြတာ)။
ကျွန်တော်တို့ရဲ့ အချက်ကျကျပြောတတ်တဲ့ ဟာသဆရာကြီးဦးခင်မောင်ဆိုတာရှိတယ် ပြောဘူးတယ်ဗျ။ (အဆင်ပြေကံကောင်းနေတဲ့ လုပ်ငန်းတခုထဲကို ကံမကောင်းတဲ့လူတွေ ရောက်လာရင် အဲဒီလုပ်ငန်းတွေ ပျက်ကုန်တယ်)လို့ ပြောဘူးတယ်။ သူပြောတာကို လက်တွေ့ပြပါတယ်။ သူပြေသလို ခုလဲ စီပွားရေးကောင်းနေတဲ့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေဆီကို ကံမကောင်းတဲ့လူတွေ တော်လှန်ရေးအော်ပြီ ကမ္ဘာပတ်တော်လှန်တော့ ဒီမိုကရေစီနိုင်ငံတွေ စီပွားရေးပျက်ကုန်ကြရောဗျာ။(သီအိုရီက မှန်နေတာဘဲ) ထားပါတော့ အနှစ်(၂၀)ကျော်ကြာ အကြောင်းပေါင်းစုံပြပြီး ကမ္ဘပတ်တော်လှန်ရေးဆိုပြီး တောင်းစားလာလို့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေ စီပွားရေးပျက်ကုန်တာလဲ ဖြစ်နိုင်ပါတယ်။
ပြည်တွင်းမှာ နိုင်ငံရေးနည်းပေါင်းစုံလုပ်ခဲ့ကြလို့ သေတဲ့လူတွေ ဘ၀ပျက်တဲ့လူတွေ ထောင်ကျနေတဲ့လူတွေ အများကြီးတလှေကြီးရှိပါတယ်။ ကဲဗျာ ခင်ဗျားတို့လဲ စဉ်းစားကြည့်ပါ နှစ်ပေါင်း(၂၀)ကျော် တော်လှန်ရေးဆိုပြီး ရုံးခန်းဖွင့်စားနေတဲ့လူတွေက အာမခံချက်ရှိမှ ပြန်မယ်တဲ့ဗျာ။ ပြည်တွင်းပြန်တဲ့အခါ နိုင်ငံရေး-တော်လှန်ရေးတွေဆက်လုပ်မှာတဲ့ မပြီးဆုံးသေးတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို ဆက်လက်တိုက်ပွဲဝင်မယ်တဲ့ဗျာ (အဲလိုဆက်လုပ်ရင် ခွင့်ပြုမှာလား)တဲ့ဗျာ၊ ခင်ဗျားစဉ်းစားလေဗျာ တော်လှန်ရေးဆိုပြီး အနှစ်(၂၀)ကျော် (အလုပ်မပါ)ကွန်ပြူတာနဲ့ပြောလာ-လုပ်လာတယ် မပြီးဆုံးသေးတဲ့ တိုက်ပွဲတိုက်မှာလဲပြောသေးတယ် (အဲလိုဆက်လုပ်ရင် ခွင့်ပြုမှာလားလို့)မေးသဗျ။ တိုက်မယ်ဆိုရင် ဘယ်သူဘယ်ဝါခွင့်ပြုမှ လုပ်မယ်ဆိုရင် တိုက်ပွဲဖြစ်ပါ့မလားဗျာ၊ သေချာတာတော့ (တောင်းပွဲ)ဘဲ ဖြစ်မှာပေါ့ဗျာ။ ဘယ်လိုများတိုက်ကြမလဲ မသိတော့ပါ။ တောင်းပွဲကတော့ အနှစ်(၂၀)ကျော် ကမ္ဘာပတ်တောင်းလာတာ တကဲ့ဝါရင့်ကြီးတွေဖြစ်နေပြီ။ ဒီတော့ လူကြားကောင်းအောင်လဲ တော်လှန်ရေးဆိုပြီး တနေ့(၁၆၀၀၀)လောက် ပါးစပ်ကမချပြောတတ်ပြီ လက်ကလဲ တောင်းတတ်နေပြီ။ ဒါပေမဲ့ ဒီတခါတော့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေဆီကို တောင်းရမှာမဟုတ်ဘူး လူလိမ်တွေထက်သာတဲ့ ဓါတ်သိလူမိုက်ဆရာကြီးတွေဆီကို တောင်းရမှာ ဒီမောင်တွေက လိမ်တာကုန်လို့ လူမိုက်ဖြစ်နေတာ (လိမ်တာကတော့ အပျော့ပေါ့)ခုလဲ လူမိုက်ကနေ တဆင့်လျော့ပြီး လူလိမ်ယောင်ပြန်ဆောင်ပြနေတာ (မိန်းမကို လူမြင်ကွင်း ရန်မဖြစ်ဘဲ ချော့ခေါ်ပြီး အိမ်ထဲရောက်မှ နားပန်ကျင်းတတ်တဲ့ ဗမာစိတ်ဓါတ်ကိုလဲ အချင်းချင်းသိနေပြီသား)ဘဲ၊ ဒီတော့ နှစ်ပေါင်း(၁၀၀)ပြည့်အောင် တောင်းစားမဲ့အတူတူ တော်လှန်ရေးဆိုပြီး ပါးစပ်ကအမြှုတ်ထွက်အောင်ပြော ရုံးခန်းတွေဖွင့်စားသာ စားနေကြပါ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေ အဆုံးတိုင်အထိ စီးပွားရေးမပျက်သရွေ့ပေါ့ဗျာ။
လူမိုက်တွေကလဲ လုပ်ရမဲ့အလုပ် ပြည်တွင်းကိစ္စတွေကိုအရင်မရှင်းဘဲ ဒီငြိမ်းလင်းအမေပြာသလို (တော်လှန်ရေးဆိုပြီး လေထိမခံ ရေထိမခံတွေ)ခေါ်တာ ဘာလုပ်မှာလဲပြောသလိုပေါ့။ (နားပန်ကျင်းဖို့ ဖြစ်လောက်တယ်)။ ဒီတော့ ပြည်ပကလူတွေ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတိုင်ပွဲဝင်ဖို့ လူမိုက်တွေက ချော့ခေါ်လဲ ဒီတခါ တော်လှန်ဖို့ ခွင့်ပြုချက်တောင်းမနေတော့ဘဲ အန်ဂျီအို ရုံးခန်းတွေပါအကုန်လုံး (ဝေါနဲ့ထမ်းခေါ်မှ တော်လှန်ရေးပြန်လုပ်မယ်)လို့သာ တခါထဲအပြတ်ပြောလိုက်ထားလိုက်ပါ။ ဒါမှ စီးပွားရေးလုပ်စရာမလိုဘဲ သေတဲ့အထိ တော်လှန်ရေးလုပ်စားလို့ရမှာ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ အဲ တော်လှန်ရေးကြီး အောင်ရမယ်လေဗျာ။ ။

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

ကျေးဇူးတင်ပါသည်